မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာန

မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာန HealthServ.net
မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာန HealthServ.net

ကျန်းမာရေးဝန်ကြီးဌာနမှကြိုဆိုပါ၏။
MOH - ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ သတင်းအချက်အလက်များ စုစည်းထားသောနေရာဖြစ်သည်။

Ministry of Health : official portal to public health services, hospitals, health information and health careers in Myanmar.

 ကျွန်ုပ်တို့၏အကြောင်း
ကျန်းမာရေးဝန်ကြီးဌာန
မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနသည် ဆန်းသစ်တီထွင်မှု၊ ဘေးဒဏ်ခံနိုင်ရည်ရှိမှု နှင့် ပြည်သူ့ကို ဗဟိုပြုသော အဖွဲ့အစည်း ဖြစ်ပြီး၊
 
ပရော်ဖက်ရှင်နယ်ကျမှု နှင့်
ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှု မြှင့်တင်ရေး
ဘဝအရည်အသွေး မြှင့်တင်ရေး
မြန်မာ နိုင်ငံသားများ အားလုံးအတွက် လွှမ်းခြုံပါဝင်သော အရည်အသွေးပြည့်မှီပြီး လက်လှမ်းမီနိုင်သော ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရေး စသည့် လုပ်ငန်းများကို လုပ်ဆောင်ရန် သံန္နိဋ္ဌာန်ချ မှတ်ထားပါသည်။




ဦးတည်ချက်
ကျန်းမာရေးဝန်ကြီးဌာန၏ ဦးတည်ချက်များမှာ
 
လူတိုင်း စွမ်းဆောင်ရည်ပြည့်ဝသည့် ကျန်းမာရေးအခြေအနေများရရှိစေဖို့ သာတူညီမျှမှုရှိပြီး လက်လှမ်းမှီနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်စေရန်
 
တိုင်းရင်းသား လူမျိုးများအကြား ကျန်းမာရေးကို အကြောင်းပြု ချိတ်ဆက်နိုင်ကြစေရန်
 
သာတူညီမျှမှု၊ အဖိုးအခ မျှတမှု၊ ထိရောက်မှု၊ ဆန်းသစ်တီထွင်မှု၊ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မှု နှင့် လူနာကို ဗဟိုပြုသော အရည်အသွေးမြင့်မားသည့် ကျန်းမာရေးစောင့်ရှောက်မှု စနစ်တစ်ခုကို တည်ဆောက်ရန်